Ministry of Education

Vice Principal

ဒေါ်နီလာဝေ(ဒုတိယကျောင်းအုပ်ကြီး)သည်M. Sc(Mathematics)ဘွဲ့ကိုရန်ကုန်တက္ကသိုလ်မှ(၂၀၀၀)ခုနှစ်တွင်အောင်မြင်ခဲ့ပြီး၊ပညာရေးဘွဲ့(B.Ed)ကိုရန်ကုန်ပညာရေးတက္ကသိုလ်မှ(၂၀၀၉)ခုနှစ်တွင်ပြီးမြောက်အောင်မြင်ခဲ့ပါသည်။၂၀၀၁ခုတွင်ဘိုကလေးပညာရေးကောလိပ်၌နည်းပြရာထူးဖြင့်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၀၉ခုနှစ်တွင်လ/ထကထိကရာထူးဖြင့်၎င်း၊၂၀၁၅ခုတွင်ကထိကရာထူးဖြင့်၎င်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ထိုနှစ်တွင်ပင်တွဲဖက်ဌာနမှုး(စာပေ)ရာထူးကိုပါပူးတွဲတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။၂၀၁၈ခု နှစ်တွင်ဘိုကလေးပညာရေးကောလိပ်၌ပင်ဌာနမှုး(စာပေ-သိပ္ပံ)ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။၂၀၁၉ခု နှစ်တွင်မြစ်ကြီးနားပညာရေးကောလိပ်သို့(ဒုတိယကျောင်းအုပ်ကြီးရာထူးဖြင့်)ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။၂၀၂၀ခုတွင်ပညာရေးဒီဂရီကောလိပ်အဆင့်သို့တိုးမြှင့်ခဲ.ရာတွင်​မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ပင်ဒုတိယကျောင်းအုပ်ကြီးရာထူးဖြင့်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။၂၀၁၈ခုတွင်မော်လမြိုင်ပညာရေးကောလိပ်၌ကျင်းပသောလုပ်ငန်းသုတေသနနှင့်သင်ထောက်ကူပြိုင်ပွဲ၌”နည်းစနစ်သစ်များအသုံးပြု၍Integration သင်ခန်းစာ၌စိတ်ပါဝင်စားမှုရှိအောင်ဆောင်ရွက်ခြင်းခေါင်းစဉ်”ဖြင့်နှစ်သိမ့်ဆုဒုတိယဆုရရှိခဲ့ပါသည်။