Ministry of Education

Principal

ဒေါ်ဥမ္မာမြင့် ကျောင်းအုပ်ကြီးသည်M.Sc(Physics)ဘွဲ့ကိုမန္တလေးတက္ကသိုလ်မှ(၁၉၉၇)ခုနှစ်တွင်အောင်မြင်ခဲ့ပြီးပညာရေးဘွဲ့(B.Ed)ကိုစစ်ကိုင်းပညာရေးတက္ကသိုလ်မှာ(၂၀၀၆)ခုနှစ်တွင်ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ ၁၉၉၇ခုနှစ်တွင်အ.ထ.က(၂)စစ်ကိုင်း၌သိပ္ပံခန်းလက်ထောက်ရာထူးဖြင့်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၉၉ခုနှစ်တွင်စစ်ကိုင်းပညာရေးကောလိပ်၌နည်းပြရာထူးဖြင့်လည်းကောင်း၂၀၀၈ခုနှစ်တွင်လက်ထောက်ကထိကရာထူးဖြင့်လည်းကောင်း၂၀၁၅ခုနှစ်တွင်ဌာနမှူး(စာပေ)ရာထူးဖြင့်လည်းကောင်း၂၀၁၅ခုနှစ်တွင်ကထိကရာထူးဖြင့်လည်းကောင်း ထိုနှစ်တွင်တွဲဖက်ဌာနမှူး(စာပေ)ရာထူးကိုပါပူးတွဲတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။၂၀၁၈ခုနှစ်တွင်ဌာနမှူး(စာပေသိပ္ပံ)ရာထူးဖြင့်စစ်ကိုင်းပညာရေးကောလိပ်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၁၉ခုနှစ်တွင်ကျောင်းအုပ်ကြီးရာထူးဖြင့်မြစ်ကြီးနားပညာရေးကောလိပ်သို့လည်းကောင်း၂၀၂၀ခုနှစ်တွင်ကျောင်းအုပ်ကြီးရာထူးဖြင့်မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌တာဝန်ထမ်းဆောင်လျက်ရှိပါသည်။