Ministry of Education

သရုပ်ပြသင်ကြားခြင်းအခမ်းအနားကျင်းပခြင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားပညာရေးကောလိပ်ရှိ အားကစားခန်းမတွင်        D.T.Ed ( ၂၃/၁၈) ပထမနှစ်သင်တန်းသား/သူများအတွက် သရုပ်ပြသင်ကြားခြင်းအခမ်းအနားတစ်ခု ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ပညာရေးဌာနမှူးဦးဆောင်ထန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ နံနက်ပိုင်းတွင် သမိုင်းသင်ပြနည်း၊ မြန်မာစာသင်ပြနည်း၊ ပထဝီဝင်သင်ပြနည်းနှင့် သင်္ချာသင်ပြနည်းဘာသာတို့ကို သက်ဆိုင်ရာဆရာ၊ ဆရာမများက လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို အသုံးပြုကာ သင်ကြားပြသခဲ့ပြီး အခမ်းအနားကို ခတ္တရပ်နားခဲ့ပါသည်။ သရုပ်ပြသင်ကြားခြင်းအခမ်းအနားဒုတိယပိုင်းကို နေ့လည် (၁) နာရီတွင် ပြန်လည်စတင်ရာ သိပ္ပံသင်ပြနည်း၊အင်္ဂလိပ်စာသင်ပြနည်း၊ဘဝတွက်တာ စသည့်ဘာသာရပ်များကို သက်ဆိုင်ရာ ဆရာ၊ဆရာမများက သင်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်